CT Scan,C Arm & X Ray

ကွန်ပျူတာဓါတ်မှန်အပါအဝင်ဓါတ်မှန်အမျိုးမျိုးရိုက်ကူးမှု (CT/MRI Scans & C Arm) & X Ray

(က) အာရှတော်ဝင်ဆေးရုံတွင် (၂၄)နာရီဝန်ဆောင်မှုပေးသော ဓာတ်မှန်ဘက်ဆိုင်ရာ ရောဂါ စမ်းသပ်ရှာဖွေမှုများ။
(၁) Digital Radiography (ဒစ်ဂျစ်တယ်ဓာတ်မှန်ရိုက်ခြင်း)
(၂) Computerized Tomography (128 CT – Philips Ingenuity Elite) (ကွန်ပျူတာဓာတ်မှန်ဖြင့် ပုံရိပ်ဖော်ရောဂါရှာဖွေခြင်း)
(၃) Magnetic Resonance Imaging – MRI (1.5 Tesla) (သံလိုက်စက်ကွင်းအသုံးပြု၍ ပုံရိပ်ဖော်ရောဂါရှာဖွေခြင်း)
(၄) Cardiac Interventional Radiography (နှလုံးသွေးကြောများကို ရေဒီယိုအလင်းပိတ်ဆေးထိုး၍ ပုံရိပ်ဖော်ခြင်း၊ လိုအပ်ပါကနှလုံးသွေးကြောချဲ့ကုသခြင်း၊ သွေးကြောထောက်တိုင်ထည့်၍ကုသခြင်း)

(ခ) နံနက် (၈)နာရီမှ ည (၈)နာရီအထိဝန်ဆောင်မှုပေးသောရောဂါရှာဖွေစမ်းသပ်မှု
Mammography (ကွန်ပျူတာဖြင့်ရင်သား ဓာတ်မှန်ပုံရိပ်ဖော်ခြင်း)

(ဂ) အထူးစမ်းသပ်မှု (Myocardial Perfusion Scan)
ရေဒီယိုသတ္တိကြွဆေးဖြင့် နှလုံးကြွက်သားများကို ပုံရိပ်ဖော်စမ်းသပ်ခြင်း

(ဃ) Mobile X-ray
စက်ရုံ၊ အလုပ်ရုံများသို့ရွှေ့ပြောင်းဓာတ်မှန်စက် Mobile X-ray ဖြင့် ရင်ဘတ်ဓာတ်မှန်များ ရိုက်ကူးခြင်း

(င) Dental X-ray
သွားကျန်းမာရေးအတွက် Dental X-ray ဖြင့် ပုံဖော်ရိုက်ကူးပေးခြင်း

အထက်ပါဓာတ်မှန်ဘက်ဆိုင်ရာရောဂါစမ်းသပ်ရှာဖွေမှုများ၏ အဖြေရလဒ်များကို ကျွမ်းကျင်သော ဓာတ်မှန်ဘက်ဆိုင်ရာဆရာဝန်ကြီးများမှ နေ့စဉ်နှင့်အမျှ အဖြေလွှာများ ဖတ်ကြားပေးလျက်ရှိပါ သည်။

MRI (Ingenia CX 1.5 T)

CT 128

Digital X-ray