Faq

Booking Service

ပြင်ပလူနာဌာနတွင် လူနာများပိုမိုအဆင်ပြေနိုင်စေရန် –
လူကိုယ်တိုင် Booking လာယူလျှင် – (၂)ပတ်
ဖုန်းဖြင့် Booking ယူလျှင် – (၁)ပတ်
ဆေးရုံဆင်းလူနာ Booking Service ယူလျှင် – (၁)လ ကြို၍ Booking ထည့်ပေးလျက်ရှိပါသည်။

Ultrasound ရိုက်မည်ဆိုလျှင် Booking ယူရပါသလား ?

4D Ultrasound, Mamogram, TVS (မွေးလမ်းကြောင်းမှ Ultrasound ရိုက်ခြင်းမှအပကျန်အစိတ်အပိုင်းများကိုရိုက်မည်ဆိုလျှင် Booking ယူရန်မလိုပါ။
မိမိရိုက်မည့်အထူးကုဆရာဝန်ကြီးများ OPD ထိုင်ချိန်ရှိ၊ မရှိကို အာရှတော်ဝင် Ph: (+951) 2304999, (+951) 538055 (Ext: 2306) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အထူးကုဆရာဝန်ကြီးများနှင့်ပြသရန် Booking ဘယ်လိုယူရပါသလဲ ?

လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ (၂)ပတ်ကြိုတင်၍ ယူနိုင်ပါသည်။ (+951) 2304999, (+951) 538055 (Ext: 1212) သို့ဆက်သွယ်၍ booking ယူနိုင်ပါသည်။ ViberPh: (+959) 971804705 ဖြင့် အနည်းဆုံးဆေးခန်းပြသမည့် ရက်ထက် (၃)ရက်ကြိုတင်၍ Booking ပေးနိုင်ပါသည်။
ဒေါက်တာဦးဆန်းလွင်နှင့် Booking ယူမည်ဆိုပါက ပြသမည့်ရက်ကိုတစ်ရက်ကြိုတင်၍ နံနက် (၆)နာရီမှစ၍ Booking ယူ၍ရပါသည်။ Booking ကန့်သတ်ထားသည်ဖြစ်သောကြောင့် Booking ပြည့်လျှင် ၎င်းဖုန်းအား စက်ပိတ်ထားပါသည်။ Ph: (+959) 443078307, (+959) 443078309

Medical Check-up လုပ်မည်ဆိုလျှင် ဘယ်ကိုဆက်သွယ်ရပါမလဲ ?

Medical Check-up လုပ်မည်ဆိုလျှင် အသက်အရွယ်အလိုက် Program များရှိပါသည်။ ရာသီအလိုက် Package Promotion တွေလဲရှိလို့ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက(+951) 2304999, (+951) 538055 (Ext: 73550, 73551) သို့ဆက်သွယ်၍ရပါသည်။

ဆေးရုံတက်မည်ဆိုလျှင် အခန်း Booking ယူရပါသလား ?

ဆေးရုံတက်မည်ဆိုလျှင် အခန်း Booking ယူရန်မလိုပါ။ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက(+951) 2304999, (+951) 538055 (Ext: 2008, 2009) သို့ ဆက်သွယ်နိုင်ပါသည်။

ဆေးရုံရှိလူနာခန်းအမျိုးအစားများနှင့် ဈေးနှုန်းများသိရှိလိုပါသည်။

မင်္ဂလာပါရှင်။ လူနာခန်းအမျိုးအစားများနှင့် ပတ်သက်၍အသေးစိတ်ရှင်းပြပေးလိုပါသဖြင့်
(+951) 2304999, (+951) 538055 (Ext: 2008, 2009) သို့ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။

ဆေးခန်းပြလျှင်ဖြစ်စေ၊ ဆေးရုံတက်လျှင်ဖြစ်စေ Insurance သုံးလို့ရပါသလား ?

အာရှတော်ဝင်ဆေးရုံနှင့် ချိတ်ဆက်ထားသော Insurance Company များ၏လူနာများအားသက်ဆိုင်ရာ Insurance Company မှ ချမှတ်ပြဌာန်းထားသောအချက်အလက်များနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိပါ သည်။

Member Card လုပ်လို့ရပါသလား။ Member ဝင်ရန်ဘာလိုအပ်သလဲ။

Jade, Sapphire, Ruby ဟူ၍ Member Card (၃)မျိုးရှိပါသည်။ Member ဝင်ရန် ဓါတ်ပုံနှစ်ပုံ၊ မှတ်ပုံတင် မိတ္တူ၊ Member Card တွင်ထည့်သွင်းမည့်မိသားစုဝင်အမည်ပါသော သန်းခေါင်စာရင်းမိတ္တူလိုအပ်ပါသည်။ အသေးစိတ်ရှင်းပြပေးလိုပါသဖြင့် (+951) 2304999, (+951) 538055 (Ext: 73550, 73551) သို့ ဆက်သွယ်မေးမြန်းပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။

ဆေးရုံနှင့်ပတ်သက်၍ ကျေနပ်မှုမရှိလျှင် ဘယ်ကိုဆက်သွယ်ပြောကြားရမလဲ။

ဆေးရုံနှင့် ပတ်သက်၍ ကျေနပ်မှုမရှိလျှင် (+959) 443993339 (မနက် ၈း၃၀နာရီမှညနေ၅း၀၀နာရီ)၊ ရုံးချိန်ပြင်ပ(+951) 538055 (Ext: 3333) ဆက်သွယ်နိုင်ပါသည်။

4D Ultrasound ကို ကိုယ်ဝန်ဘယ်နှစ်လမှစပြီး ရိုက်လို့ရပါသလဲ ?

4D Ultrasound ကို ကိုယ်ဝန် (၅)လအထက်မှ စရိုက်လို့ရပါသည်။
အသေးစိတ်သိရှိလိုပါက Hunt Line Ph: (+951) 2304999 (Ext: 2305, 2306) ကိုဆက်သွယ်နိုင်ပါသည်။

Patient အရေးကြီး၊ အရေးပေါ်ဖြစ်နေပါက ဘယ်ဆရာဝန်နှင့် ပြလို့ရပါသလဲ ?

Patient ရောဂါအခြေအနေမေးပြီး EMO နှင့်ပြသရန် EMC သို့ လာရောက်ဆွေးနွေးသင့်ပါသည်။
အသေးစိတ်သိရှိလိုပါက Hunt Line Ph: (+951) 2304999 (Ext: 1212) ကိုဆက်သွယ်နိုင်ပါသည်။

Dental ဘယ်ဆရာဝန်များထိုင်ပါသလဲ ?

OPD Doctor List တွင် ဝင်ရောက်ကြည့်ရုပြီး Booking ယူလိုပါက Hunt Line Ph: (+951) 2304999 (Ext: 1106) သို့ ဆက်သွယ်နိုင်ပါသည်။

ဆရာဝန်ကြီးစမ်းသပ်ခ ဘယ်လောက်ယူပါသလဲ ?

ဆရာဝန်ကြီးများ၏စမ်းသပ်ခသည် တစ်ဦးနှင့်တစ်ဦးယူသည့်နှုန်းတူညီမှုမရှိပါ။
အသေးစိတ်သိရှိလိုပါက Hunt Line Ph: (+951) 2304999 (Ext: 1104, 1105, 2105, 2106) သို့ိုဆက်သွယ်နိုင်ပါသည်။

ဆရာဝန်ကြီးရောက်ပြီလား (မိမိပြသမည့်) ဆရာဝန်အမည်ကို မေးမြန်းနိုင်ပါသည်။

ဆရာဝန်ကြီးရောက်၊ မရောက် နှင့် လူနာဦးရေ ဘယ်နှယောက်ပြီးသွားကြောင်းကို သက်ဆိုင်ရာ Extension နံပါတ်များကို စုံစမ်းမေးမြန်းနိုင်ပါသည်ရှင်။ ကျေးဇူးတင်ပါသည်။
Hunt Line Ph: (+951) 2304999 AR I – (Ext: 1104, 1105)
AR II – (Ext: 2106, 2107)
3rd Floor – (Ext: 2023, 2314)