Medical Check Up Unit

ကျန်းမာရေးစစ်ဆေးမှု၏အကျိုးကျေးဇူးများ

မိမိကိုယ်တိုင်နှင့် မိသားစုဝင် ဆွေမျိုးများ၏ ကျန်းမာရေးနှင့် ပတ်သက်သော အခြေအနေ တစ်ရပ်ရပ် ကို သိရှိလိုလျှင်လည်းကောင်း၊ ကူးစက်ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေးအခြေအနေကို သိရှိလိုလျှင် လည်းကောင်း၊ ပုံမှန်အားဖြင့် အနည်းဆုံးတစ်နှစ်တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါသည်။ ယင်းသို့ စစ်ဆေးခြင်းအားဖြင့် ရောဂါများကို အချိန်မီကုသခြင်း၊ သို့မဟုတ် ကြိုတင်ကာကွယ်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

လိုက်နာဆောင်ရွက်ရန်

ည(၁၀)နာရီနောက်ပိုင်းမှစ၍ သွေးမဖောက်ခင် အချိန် အထိ ရေမှလွဲ၍ မည်သည့် အစားအစာ အချိုရည်မှ မသောက်သုံးရန်။
– မိမိသောက်နေကျဆေးများ (သွေးထိန်းဆေးမှအပ)ကို ခေတ္တရပ်ထား၍ သွေးဖောက်ပြီးမှ ပြန်လည်သောက် သုံးရန် (သို့) မိမိဆရာဝန်မှ ညွှန်ကြားချက်အတိုင်း လိုက်နာရန်။
– Ultrasound ရိုက်ရန်အတွက် မရိုက်မီ ရေအနည်းဆုံး (၂)လီတာခန့် သောက်၍ ဆီးတင်းထားရန် လိုအပ်ပါ သည်။
– နှလုံးပြေးစက်နှင့် နှလုံးစမ်းရန်အတွက် ရက်ချိန်း ကြိုတင်ယူရန် လိုအပ်ပါသည်။ မိမိနှင့် အဖော် တစ်ယောက်ပါရန် လိုအပ်ပါသည်။
– မိမိကျန်းမာရေးမှတ်တမ်း၊ ဆေးစာအုပ်နှင့် ဆေးများ တပါတည်း ယူဆောင်ခဲ့ပါရန်။
– သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရန်အတွက် ဓမ္မတာ ပေါ်ပြီး (၅)ရက်အကြာတွင် ယူလျှင်ပိုကောင်းပါမည်။ မစစ်ဆေးမီ အမျိုးသားနှင့်အတူနေခြင်း၊ အမျိုးသမီး သုံးသန့်စင်ဆေးရည်များကို (၄၈)နာရီအတွင်း အသုံး ပြုခြင်းရှောင်ရန် လိုပါသည်။
– ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန် အချိန် (၃)နာရီခန့်ကြာနိုင်ပါသည်။ (မိမိစစ်ဆေးမည့် အစီအစဉ် ကိုလိုက်၍ ကြာမြင့်ချိန် ကွဲပြားနိုင်ပါသည်။)
– ဆေးစစ်ချက်အဖြေများကို (၄၈)နာရီကြာလျှင် ရပါ မည်။ ဆေးစစ်ပြီး အဖြေများပြန်ရလျှင် တာဝန်ကျ ဆရာဝန်မှ ဆွေးနွေးပေးမည် ဖြစ်ပါသည်။

အာရှတော်ဝင် ဆေးရုံသို့ ကျန်းမာရေးအခြေအနေအသီးသီးတို့ကို လာရောက်စစ်ဆေးလိုသူများ အချိန်ကုန်သက်သာစေရန်နှင့် အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုဌာနသို့ ကြိုတင်ဆက်သွယ်၍ ရက်ချိန်းယူပြီး ဆောင်ရွက်နိုင်ပါသည်။

Asia Royal Clinic Address

အမှတ်-၂၅(အေ)၊ရှင်စောပုလမ်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။

 

Health Screening Packages

 

Health Screening Packages