CSR Program

အာရှတော်ဝင်ဆေးရုံသည် ဆေးရုံတည်ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစ၍ “ နိုင်ငံတကာအဆင့်မှီ ကျန်းမာရေး စောင့်ရှောက်မှုဖြင့် လူနာများ၏ ယုံကြည်အားကိုးမှု ရရှိပြီး မြန်မာနိုင်ငံတွင် ရှေ့ ဆောင်နိုင်သော ပုဂ္ဂလိကဆေးရုံဖြစ်ရန်” ဟူသော ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရင်း တဖက်တလမ်းမှနေ၍ မြန်မာနိုင်ငံပြည်သူလူထု၏ သာသနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုစားဝတ်နေရေးကဏ္ဍများ တွင် လူမှုအကျိုးပြုလုပ်ငန်းများ (CSR Activities) ဆောင်ရွက်ခဲ့ပါသည်။
အာရှတော်ဝင်ဆေးရုံသည် လူမှုအကျိုးပြုလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိရာ ၂၀၁၃ ခုနှစ်တွင် United Nations Global Compact (UNGC) ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်မှတ် ရရှိခဲ့ပါသည်။ .ယခုအခါတွင် အာရှတော်ဝင်ဆေးရုံ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များအား (UNGC) သို့ နှစ်စဉ် စာတမ်းရေးသားပြုစုပေးပို့လျှက်ရှိပြီး CSR Activities များ ဆောင်ရွက်ရာတွင်
လည်း (UNGC) ၏ Criteria များဖြစ်သည့် Human Rights Principle, Labor Principle, Environmental Principle, Anti-corruption Principle များအတိုင်း လေးစားလိုက်နာ ဆောင်ရွက်လျှက်ရှိပါသည်။
အာရှတော်ဝင်ဆေးရုံသည် နှစ်စဉ်လူမှုကရုဏာလုပ်ငန်းများအတွက် သုံးစွဲမည့် ငွေကြေးပမာဏကို Annual Budget Plan ချမှတ်၍ CSR Project Plan များ ရေးဆွဲဆောင်ရွက်လျှက်ရှိရာ ၂၀၁၇ ခုနှစ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန မှ ၂၀၁၄-၂၀၁၇ ခုနှစ် လူမှုကရုဏာ လုပ်ငန်းစဉ်များ အတွက် ချီးမြှင့်သည့် CSR Awards (Third Prize) ကို ဆွတ်ခူးရရှိခဲ့ပါသည်။

 

ပညာရေး

ကျန်းမာရေး

လူမှုစားဝတ်နေရေး

သာသနာရေး