Level 1 Polysomnography Sleep Study မပြုလုပ်ခင် ဆောင်ရန်၊ ရှောင်ရန် အချက်များ။

Level 1 Sleep Study မလုပ်ခင် နေ့တွင်
(၁) ပုံမှန်အိပ်ပါ၊ ပုံမှန် အိပ်ယာထပါ။ နေ့ခင်းဘက် ပြန်အိပ်စက်ခြင်းအား ရှောင်ပါ။
(၂) ကဖိန်းဓါတ်ပါသော ၊ ချိုလွန်း ချဉ်လွန်း စပ်လွန်းသော အစားအစာ များကို ရှောင်ပါ။
(ဥပမာ – လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်၊ ချောကလက်၊ ကိုလာ)
(၃) ဆရာဝန်ညွှန်ကြားထားသော သောက်နေကျဆေးများ ပုံမှန်သောက်ပါ။
(၄) နေ့စဉ်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာများကို ပြုနေကျအတိုင်း ပုံမှန်ပြုလုပ်ပါ။
(၅) အရက်၊ ဘီယာ လုံးဝရှောင်ကျဉ်ပါ။
(၆) ပုံမှန်ညစာ စားချိန်တွင် ညစာကို မနည်းလွန်း မများလွန်း ပုံမှန်စားပါ။
(၇) ဆေးလိပ် ရှောင်ပါ။ မရှောင်နိုင်ပါက နောက်ဆုံးဆေးလိပ်သောက်ထားခြင်းသည် Sleep Study မပြုလုပ်ခင် အနည်းဆုံး (၃) နာရီ အကြာက ဖြစ်သင့်ပါသည်။
(၈) Sleep Lab သို့ လာခါနီး ရေချိုး ခေါင်းလျှော် လာပါ။ ရေချိုး ခေါင်းလျှော် ပြီးလျှင်လည်း ခေါင်းလိမ်းဆီ၊ ဂျယ်၊ လိုးရှင်း နှင့် အခြား မည်သည့် အရာမျှ မလိမ်းရပါ။
(၉) လက်သည်းနီဆိုးထားလျှင် လက်သည်းနီဖျက်ရန်လိုအပ်ပါသည်။ လက်သည်းရှည်လွန်းလျှင်လည်း ညှပ်ရန်လိုအပ်ပါသည်။
(၁၀) ယောက်ျားဖြစ်ပါက မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး ရိတ်ခဲ့ရန် လိုအပ်ပါသည်။(အရှည်ထားသူများ မှလွဲ၍)
(၁၁) ဆရာဝန်ပြထားသော OPD စာအုပ်၊ သောက်နေကျဆေးများ၊ ပွယောင်း သက်တောင့်သက်သာရှိသော ညအိပ်ဝတ်စုံ၊ သွားတိုက်ဆေး သွားတိုက်တံ များ တပါတည်း ယူဆောင်လာရန်။
(၁၂) အဖော် လူနာစောင့်တစ်ယောက် ခေါ်ဆောင်လာနိုင်ပါသည်။
(၁၃) မအိပ်ခင် (၂) နာရီခန့်စော၍ Sleep Lab သို့ရောက်ရှိရပါမည်။