Covid 19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အားဖြည့်ပါဝင်ကူညီ

Covid 19 ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် အားဖြည့်ပါဝင်ကူညီရန်အတွက် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်း (MPHA) ကိုယ်စားပြု၍ အာရှတော်ဝင်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း အဖွဲ့သည် ရိုးမရိပ်သာ (၂ ) Covid 19 Centre တွင်တက်ရောက်သောလူနာများ အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် ယနေ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် အဆိုပါ Covid 19 Medical Centre သို့ ထွက်ခွာခဲ့ကြပါသည်။ လုပ်အားပေး တာဝန်ထမ်းဆောင် ကြမည့် ဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား အာရှတော်ဝင် ဆေးရုံမိသားစုမှ ဂုဏ်ယူစွာမှတ်တမ်းတင်အပ်ပါသည်။
‘ကပ်ရောဂါဘေးများမှအမြန်ဆုံးလွတ်ကင်းပြီး ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြပါစေရန် အာရှတော်ဝင်ဆေးရုံမိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။’gr