Myaing CSR

အာရှတော်ဝင်ဆေးရုံ၊ လူမှုကရုဏာလုပ်ငန်း (CSR Activities Program) အဖြစ် (၉.၃.၂၀၁၉) နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၅)ရပ်ကွက် ရှိ မြိုင်သီလရှင် စာသင်တိုက်တွင် သီလရှင်ဆရာလေးအပါး (၈၀)အား နေ့ဆွမ်းဆက်ကပ်၍့ ကလေးငယ် (၃၀၀)ကျော်အား နေ့လည်စာ ကျွေးမွေးလှူဒါန်းခဲ့ပြီး လူသုံးကုန်ပစ္စည်းများ၊ စာရေးကိရိယာများ၊ မုန့်ပဲသွားရည်စာများ နှင့် ဆေးဝါးပစ္စည်းမျိုးစုံ တို့အား သွားရောက် လှူဒါန်းခဲ့ပါသည်။