Rehabilitation Unit

ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေး ပြင်ပလူနာဌာန

ယခုအခါ အာရှတော်ဝင်ဆေးရုံတွင် အကြောအဆစ်ရောဂါ နှင့် မသန်စွမ်းဖြစ်သော လူနာများအတွက် ပြန်လည်သန်စွမ်းမှု လေ့ကျင့်ရေး ပြင်ပလူနာဌာနကို စတင်ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေးပြင်ပလူနာဌာနအား
၁။ ပြန်လည်သန်စွမ်းရေးကုသမှုအထူးကုဆရာဝန်ကြီးများ (Rehabilitation Physician)
၂။ ကျွမ်းကျင်သောပြန်လည်သန်စွမ်းရေးအကြောပညာရှင်များ (Physiotherapist) နှင့် စိတ်ချမ်းမြေ့ ကျေနပ်စွာကုသမှု ခံယူနိုင်ပါသည်။အာရှတော်ဝင်ဆေးရုံ ပြန်လည်သန်စွမ်းမှုလေ့ကျင့်ရေး ပြင်ပ လူနာဌာန၌ GPဆရာဝန်များမှလည်းကောင်း၊ အထူးကု ဆရာဝန်ကြီးများမှလည်းကောင်း စေလွှတ်သော (Refer ) လူနာများ၊ မိမိဆန္ဒအလျောက်လာရောက်သော လူနာများအား ထိရောက်သော ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

စွမ်းဆောင်မှုမြှင့်တင်ရေးသင်တန်းများ

အာရှတော်ဝင်ဆေးရုံမှ ပြန်လည်သန်စွမ်းမှု ကုသရေးအဖွဲ့ (Rehabilitation Team)ကို England နိုင်ငံမှ ဝါရင့်ကျွမ်းကျင် သော ပြန်လည်သန်စွမ်းရေးကုသမှုသမားတော်ကြီးနှင့် ပညာရှင် များအားဖိတ်ခေါ်၍ အနီးကပ် လက်တွေ့သင်ကြားပေးမှုများ လည်း ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်လည်သန်စွမ်းမှု လေ့ကျင့်ရေး ပြင်ပလူနာဌာနကို နေ့စဉ် နံနက် (၈) နာရီ မှ ည (၈) နာရီအထိ ဖွင့်လှစ် ကုသမှု ပေးလျက်ရှိပါသည်။

အသေးစိတ်သိရှိရန်

  • Hotline No : (+959) 44399331
  • Address : အမှတ် (၂၅) (အေ)၊ ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
  • Email : asiaroyal@asiaroyalhospital.com
  • Ph No : (+951) 7538055, (+951) 2304999 Ext : (7-3554), (7-3555)
  • Opening Hours : ဆေးခန်းဖွင့်သည့်အချိန် နေ့စဉ် နံနက် (၈) နာရီမှ ည(၈)နာရီအထိ