သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

ကျွမ်းကျင်ဆေးပညာရှင်များကတော့ သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား(Silent Killer) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သွေးတိုးရောဂါရှိသူတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ မိမိမှာ သွေးတိုးရောဂါရှိမှန်း မသိကြပါဘူး။
သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ (Stroke ) ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ ( နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။
အသက်၄၀ကျော်သူများ၊ မျိုးရိုးအလိုက်သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်၊အရက် အလွန်အကျွံသောက်သုံးသူများ၊ ကိုယ်အလေးချိန်များသူများ၊ စိတ်ဖိစီးမူရှိသူများနဲ့ မကြာခဏသွေးပေါင်ချိန်တက်တတ်တဲ့ ရောဂါသူရှိသူတွေမှာ သွေးတိုးရောဂါဖြစ်ပွားတတ်ကြပါတယ်။
ပုံမှန်အားဖြင့် သွေးတိုးရောဂါဟာ ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။အများစုဟာ သွေးတိုးရောဂါရဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့ မရှိပါဘူး။ ခံစားရသူအချို့မှာတော့ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊အသက်ရှူမြန်လာခြင်း၊ အမြင်အာရုံေ၀ဝါးလာခြင်းတို့ ဖြစ်ပွားတတ်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးလက္ခဏာတွေကတော့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ နှလုံးညစ်အားနည်းခြင်း၊ မျက်နှာယောင်အမ်းလာခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အမြင်ချို့ယွင်းလာခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်ပွားလာနိုင်ပါတယ်။
သွေးတိုးရောဂါကို ထိန်းသိပ်ဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းပြီး အဝမလွန်အောင် နေထိုင်စားသောက်ပါ။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ အသီးအနှံ ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။ အငန်ဓာတ်ပါသော ငါးပိ၊ငါးခြောက်၊ဟင်းချိုမှုန့်များနှင့် အဆီကို အလွန်အမင်းစာသုံးခြင်းတို့မှ ရှောင်ကျဉ်ပါ။ အရက်နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။ သွေးတိုးရောဂါရှိနေပါက သွေးပေါင်ကို ပုံမှန် စနစ်တကျစစ်ဆေးပြီးဆေးကုသမှုခံယူပေးပါ။
ဒါကြောင့် မိမိမှာ သွေးတိုးရောဂါရှိလာပြီဆိုရင် ဆောင်ရန်ရှောင်ရန်များကို အဓိကထားဆင်ခြင်ပြီး နီးစပ်ရာ ကျွမ်းကျွင်ဆရာဝန်များရဲ့ လမ်းညွန်ချက်အတိုင်းပြုမူနေထိုင်းပြီး သာယာလှပသောဘဝကို ကျန်းမာခြင်းနှင့်အတူလျှောက်လမ်းလိုက်ပါ။
အာရှတော်ဝင်ဆေးရုံကြီးဟာ နှစ်ပေါင်းရှည်ကြာစွာ သွေးတိုးရောဂါနဲ့ လေဖြတ်ရောဂါ လူနာပေါင်းများစွာကို အရည်အချင်းပြည့် ဆရာဝန်ကြီးများ၊ ခေတ်မှီစက်ကိရိယာများနှင့် ကုသပေးလျက်ရှိပါတယ်။ သွေးတိုးကြောင့် နောက်ဆက်တွဲဖြစ်ပွားတဲ့ ဦးနှောက်သွေးကြောပိတ်ခြင်းကိုလည်း အချိန်မှီရောက်ရှိလာပါက သွေးခဲပျော်ဆေးနှင့် လေဖြတ်ခြင်းအထိ မဖြစ်ပွားအောင် ကုသပေးနေပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန်တာကြောင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။