အိပ်စက်ခြင်းအကြောင်းသိကောင်းစရာ

လူ့ဘဝရဲ့ လေးပုံတစ်ပုံဟာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးရလေ့ရှိပါတယ်။ ဒီလို အရေးပါလွန်းတဲ့ အိပ်စက်ခြင်းအကြောင်းကို အာရှတော်ဝင်ဆေးရုံကြီးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ တင်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။

ကျွန်တော်တို့လူသားတွေဟာ အိပ်စက်ခြင်းကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အထူးသဖြင့် ညဖက်မှာ လူတိုင်းနီးပါး အိပ်စက်အနားယူကြပါတယ်။ ကျွန်တော်တိုလူသားတွေဘာကြောင့် အိပ်စက်အနားယူရပါသလဲ….?

အိပ်ရေးမဝခြင်းများ၊ အိပ်ရေး၀၀မအိပ်ရခြင်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းများဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် အိပ်စက်ခြင်းက ကျန်းမာရေးနှင့်ညီညွှတ်သောကြောင့် အလွန်ပင်အရေးပါလှပါတယ်။ အိပ်ပျော်နေစဉ် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူပြီး သန့်စင်ပေးပါတယ်။ ကောင်းကောင်းအိပ်စက်ရတယ်ဆိုရင်တော့ ခန္ဓာကိုယ် လုပ်ဆောင်ချက်များအားလုံးက အခြေအနေအကောင်းမွန်ဆုံးပါပဲ။

ကောင်းကောင်းမအိပ်စက်ရဘူးဆိုရင် ခန္ဓာကိုယ်ဟာ လေးလံထိုင်းမှိုင်းပြီး မှန်ကန်စွာမတွေးတောနိုင်တော့ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်များကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါတို့ကို လွယ်ကူစွာဖြစ်နိုင်ပြီး အနည်းစုမှာတော့ အဝလွန်တတ်ပါတယ်။ အိပ်စက်ခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေတယ်၊ အင်အားသစ်တွေဖြစ်ထွန်းစေတယ်၊ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းအတွက် လုံလုံလောက်လောက် အိပ်စက်အနားယူရပါမယ်။ လူတစ်ယောက်ဟာပုံမှန် အနည်းဆုံး ၆နာရီ ၈ နာရီ အိပ်စက်ဖို့လိုအပ်ပါတယ်။

အိပ်စက်ခြင်းကို အဓိကဖြစ်စေတာ ဦးနှောက်ရဲ့ စေခိုင်းမှုကြောင့်ပါ။ ပုံမှန်အားဖြင့် လူတွေဟာညအချိန်မှာသာ ပိုပြီးအိပ်စက်တတ်ကြပါတယ်။ ညအချိန် အိပ်စက်ခြင်းကို တားဆီးပေးတဲ့ Blue Light ( 460-480nm ) လျော့နည်းသွားလို့ပါပဲ။ ဒါကြောင့်လူတွေဟာ Blue Light အလင်းရောင်ရှိတဲ့ မနက်အချိန်တွေမှာ မအိပ်ဘဲ အလင်းရောင် မရှိတဲ့ညအချိန်တွေမှာ အိပ်စက်ကြတာပါ။ ဒါ့ကြောင့် မိုးရွာတဲ့ရက်တွေ၊ နှင်းထူတဲ့ရက်တွေမှာ ရာသီအေးအေးလေးနဲ့ ကွေးကွေး အိပ်ချင်နေတာဟာ အလင်းရောင်အားနည်းတဲ့အခါ ပိုပြီးအိပ်ဖြစ်လာကြတာကတော့ လက်တွေ့ပါပဲ။

အိပ်စက်ခြင်းက ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးကို ကောင်းစွာအထောက်အကူပြုပါတယ်။ အိပ်စက်ခြင်းကြောင့် မှတ်ဉာဏ်စွမ်းအား မြင့်မားစေခြင်း၊ အာရုံစူးစိုက်မူအားကောင်းစေခြင်း၊ စိတ်ကိုပိုမိုလန်းဆန်းစေခြင်း ၊မိမိကိုယ်ကို ယုံကြည်ချက်မြင့်မားစေခြင်း၊ အသားအရေကြည်လင်ပြီး အရေးအကြောင်းများကိုကင်းစင်စေပါတယ်။ အထူးသဖြင့် အိုမင်းရင့်ရော်မူကို ကာကွယ်နိုင်ပါတယ်။ အိပ်ရေး၀၀လင်လင်အိပ်စက်ရခြင်းကြောင့် သက်လုံပိုင်းကိုပိုကောင်းလာပြီး အဝလွန်ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ စိတ်ကျရောဂါဖြစ်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီး နှလုံး၊သွေးတိုးနှင့်လေဖြတ်ခြင်း ဖြစ်နိုင်ချေများကို ကျဆင်းစေပါတယ်။ ဒါကြောင့် အိပ်ရေး၀၀အိပ်သူတွေဟာ ကောင်းကောင်းမအိပ်ရသူများထက်အသက်ပိုရှည်ကြပါတယ်။

မအိပ်ခင်ရှောင်ရှားသင့်သောအရာများ

အလုပ်တာဝန်တွေကို အိပ်ရာထဲအထိပါမလာစေပါနဲ့။ ညဖက်အိပ်ခါနီးအချိန်တွေမှာ မိုဘိုင်းလ်ဖုန်းကိုပိတ်ထားတာအကောင်းဆုံးပါပဲလို့အကြံပေးပါရစေ။ အကောင်းဆုံးကတော့ အိပ်ခန်းမီးကိုပိတ်ပြီးအိပ်သင့်ပါတယ်။ မီးရောင်မှိန်နေခြင်းက အိပ်ယာနိုးထဖို့အတွက် လှုံ့ဆာ်စေနိုင်တဲ့အတွက် လုံးဝမှောင်မဲနေခြင်းက ဦးနှောက်ကို အိပ်စက်ချိန်ပဲဆိုတာကိုအသိပေးပါတယ်။ အိပ်ယာမဝင်ခင် အချိန်အတွင်းမှာ ကော်ဖီ၊လက်ဖက်ရည်တို့ကို မသောက်သုံးသင့်ပါဘူး။ ကဖိန်းဓာတ်က အိပ်စက်မှုကို အားမပေးခြင်းကြောင့်ဖြစ်ပါတယ်။ အရည်များများ သောက်ထားတဲ့အတွက်လည်း အိမ်သာကို ခဏခဏထသွားနေခြင်းကလည်း အိပ်မယ့်အခြေအနေတစ်ခုကို အတားအဆီးဖြစ်စေပါတယ်။ နွားနို့သောက်ခြင်းကအိပ်စက်လိုမူကိုဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်တာက အလွန်အမင်းသင့်တော်လှပါတယ်။ ရေနွေးလေးနဲ့ ရေချိုးပြီးနောက် ခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေပြီး အိပ်စက်လိုမူကိုဖြစ်ပေါ်စေတဲ့အတွက် ညနေဖက်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးဖို့အလွန်သင့်တော်လှပါတယ်။

ဒါကြောင့် ကောင်းမွန်စွာအိပ်စက်ဖို့အတွက် လူတိုင်းနီးပါ အလေးထားပြုလုပ်ဆောင်သင့်ပါတယ်။ သက်ကြီးပိုင်းတွေမှ အသက်ကြီးလာတာနှင့်အမျှ အိပ်မပျော်တတ်ကြပါဘူး။ အိပ်စက်ခြင်းတန်ဖိုးကို အသက်ကြီးမှ တဖြည်းဖြည်း ပိုမိုလိုအပ်လာခြင်းကို သိလာပါလိမ့်မယ်။ ဒါကြောင့် အိပ်စက်ခြင်းဆိုတာ သဘာဝကပေးတဲ့လက်ဆောင်ဖြစ်လို့ အိပ်ချိန်လေးကို ပုံမှန်အိပ်ပေးပြီး လက်တွေ့အသုံးချတတ်ဖို့အရေးကြီးပါတယ်။

အနည်းဆုံး ၆ နာရီလောက်အိပ်ပျော်အောင်အိပ်ပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေဖို့ ကျွန်တော်တို့ Asia Royal Hospital မိသားဆုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။