အသည်းအကြောင်းသိကောင်းစရာ

ကျွန်တော်တို့ ကျောရိုးရှိသတ္တဝါတွေရဲ့ အစာချေစနစ်မှာ အသည်းဟာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဆိပ်ဖြေခြင်း၊ ပရိုတိန်းဖွဲ့စည်းခြင်း၊ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သည်းခြေအရည်ထုတ်ပေးခြင်း၊ ဗီတာမင်ဓာတ်များကို ပြုပြင်ပေးခြင်း နဲ့ အစာချေရာမှာ လိုအပ်တဲ့ ဓာတ်ပစ္စည်းများကို ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။ ယနေ့ခေတ်ဆေးပညာတွင် အသည်းကို ဂရိဘာသာမှဆင်းသက်လာတဲ့ Hepato (သို့မဟုတ်) Hepatic ဟုခေါ်ယူကြပါတယ်။ ဥပမာ အသည်းရောင် ရောဂါကို Hapatitis ဟုခေါ်ဝေါ်ကြပါတယ်။ အသည်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုအချက်တွေက အသည်းရောဂါဖြစ်တတ်သလဲ?
အသည်းကအဓိကထုတ်ပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ ကိုလက်စထရောဟာ ကိုယ်ခန္ဓာရဲ့ဆဲလ်တွေအတွက်လိုအပ်ပါတယ်။ ဒါပေမယ့် အဆီဓါတ်တွေ အလွန်များပြားလာသောအခါ အသည်းက ချေဖျက်ပေးနိုင်တော့ပဲ ဒဏ်ပိုလာနိုင်ပြီး အသည်းအဆီဖုံးဆိုတဲ့ ရောဂါမျိုး ဖြစ်လာစေပါတယ်။ ဒါကြောင့် အသား၊အဆီ၊အချိုများတဲ့ အစားအစာတွေ၊ ကြက်ဥအနှစ်များ၊ ဆားများသော အစားအစာတွေကို အဓိကထားရှောင်ကြဉ်ပြီး အသီးအရွက်များကို ပိုမိုစားသုံးသင့်ပါတယ်။
ညအချိန်အိပ်တာနောက်ကျခြင်းဟာ အသည်းကို အဓိက အနှောက်အယှက်ဖြစ်စေတတ်တဲ့ အလေ့အကျင့်တစ်မျိုးဖြစ်ပါတယ်။ အသည်းဟာ ညအိပ်ချိန်မှသာ အဆိပ်အတောက်တွေ ချေဖျက်တဲ့အလုပ်ကိုစတင်လုပ်ဆောင်တာဖြစ်ပါတယ်။ ပြန်ရည်ကြောတွေက အဆိပ်တွေကို အရင်စွန့်ပစ်ပါတယ်။ အဆိပ်ထုတ်တဲ့လုပ်ငန်းစဉ်ကို ညအချိန် ၁၂ နာရီမှ ၂ နာရီအတွင်းလုပ်ဆောင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ကျွန်တော်တို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောအချိန်မှာမှ စတင်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် အိပ်ရေးဝဝလင်လင်အိပ်ပေးဖို့ လိုအပ်ပါတယ်။
မနက်အချိန် ကျွန်တော်တို့အိပ်ယာနိုးတဲ့အချိန်မှာ အရေးတကြီး ဆီးမသွားနိုင်ခြင်း၊ ဆီးမသွားခြင်း၊ အချိန်အတော်ကြာမှသာ အိမ်သာသွားခြင်းဟာ အန္တရယ်များစေတဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ဆီးကိုအချိန်ကြာရှည်စွာအောင့်ထားခြင်းက အသည်းကိုရော ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်တဲ့ အကျင့်ဖြစ်ပါတယ်။
ခန္ဓာကိုယ် အချိုဓာတ်အနည်းပါးဆုံးအချိန်က ကျွန်တော်တို့မနက်အိပ်ယာ နိုးထတဲ့အချိန်ဖြစ်ပါတယ်။ အချိုဓာတ်နည်းပါးနေချိန်တွင် အသည်းဟာ သူလုပ်ဆောင်ရမယ့် အလုပ်များကို မလုပ်ကိုင်တော့ပါဘူး။ ဒါကြောင့် မနက်စာကို ရှောင်ရှားခြင်း လုံး၀ မပြုလုပ်ပါနဲ့။ မနက်စာက ခန္ဓာကိုယ်တစ်လုံးအတွက် အကောင်းဆုံးအစား စားချိန်ဖြစ်ပါတယ်။ မနက်ခင်းတိုင်းဟာ ခန္ဓာကိုယ်၊ အသည်းနဲ့ ဦးနှောက်တွေအတွက် အစာအာဟာရကို အလိုအပ်ဆုံးအချိန်ဖြစ်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့တော့ ကျွန်တော်တို့ အခုခေတ်မှာ အချိန်မရတာကြောင့် အလုပ်တွေကြောင့် Fast Food ( အသင့်စားအစားအစာ)တွေကို စားသုံးမိတတ်ကြပါတယ်။ ဒါတွေဟာ အချိန်ကြာလာတာနှင့်အမျှ ကယ်လိုရီ၊ အချို၊ အငန်နဲ့ အဆီတွေက သွေးတိုးနဲ့ သွေးအတွင်းက အဆီဓာတ်တွေ တိုးပွားစေပြီး ကျန်းမာရေး နှင့်မညီညွတ်ဘူးဆိုတာ မေ့ထားလို့မရပါဘူး ။ အရက်က အသည်း ထိခိုက်စေနိုင်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိထားတဲ့ အချက်တစ်ခုပါပဲ။ အရက်ဟာ အသည်းရဲ့ ချေဖျက်ခြင်း လုပ်ငန်းတွေကို အနှောက်အယှက်ပေးရုံသာမကဘဲ အသည်းရဲ့ဆဲလ်တွေကိုဖျက်စီးတတ်ပါတယ်။ အရက်ကြောင့် အသဲအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းနဲ့ အသည်းခြောက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်အသည်းကောင်းလို့ပွဲမတောင်းခင် အသည်းကောင်းဖို့အတွက် ဆောင်ရန်ရှောင်ရန်လေးတွေကို ပြုမူလေ့ကျင့်နေထိုင်ပြီး ပျော်ရွှင်ကျန်းမာသော ဘဝမျိုးကိုပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်တော်တို့ အာရှတော်ဝင်ဆေးရုံကြီးမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။